ဆင်ပန်းချီ

ဆင်တဲ၇ွာသွားတုန်း ကအတွေ့အကြုံလေးပါ။ ဘန်ကောက်မှာ ဆင်စီးချင်းထိုးပြိုင်ပွဲတစ်ခုကို ကြည့်ပြီးကတည်း က
အော်.. ထိုင်းတွေတော်တော်တော်တာပါလားပေါ့ ဆင်တွေကိုတောင် ကတာသင် ပေး၊ ဘော်လုံးကန်ခိုင်းတယ် ဘော်လုံးထုခိုင်းတယ် နောက်ဆုံး စိတ်အ၀င်စားစရာအကောင်းဆုံးကတော့ ပန်းချီဆွဲတာပါဘဲ ကိုယ်တောင်မှ ပန်းချီဆွဲဖို့နေနေသာသာ အေ၇ာင်ကိုမစပ်တပ်တာ။ ဒီဆင်က ပန်းချီကိုတောင် နှာမောင်းနဲ့ဆွဲတာ။ တော်လိုက်တာနော် လို့စိတ်ထဲမှအံ့မခန်း၇ှိခဲ့ရတယ် နောက်ပြီးသူတို့တွေကိုဘယ်လိုများ သင်ပေးပါသလည်းနော်လို့စဉ်းစားခဲ့တာကြာပါပြီ။

ကျမ ကိုယ်တိုင်က စာသင်တာကို တော်တော်လေးဝါသနာပါ ပါတယ်။ တခြားနေရာမှာသာစိတ်မရှည်ချင်နေမည် စာသင်လျှင်တော့တော်တော်လေး စိတ်ကရှည်သည်။ ဘယ်လောက်ဘဲစိတ်ရှည် ၇ှည် တစ်ခါတစ်ရံ အလွန်ဝေးသောသူတွေကိုတွေ့လျှင်တော့ ရှည်သောစိတ်တွေ တိုသွားတတ်တာတွေလည်း ၇ှိခဲ့သည်။ လူတစ်ယောက်ကိုတောင်တော်တော်လေးတတ်အောင်သင်ရတာ ဆင်တစ်ကောင်ကို မည်သို့ရအောင်သင်သနည်းဆိုတာကိုတော့ သိချင်လှသည်။
မည်သို့များ စိတ်ရှည်စွာသင်ပေးမည်ဆိုတာကို တော်တော်လေးစိတ်ဝင်စားခဲ့သည်။

အခုတော့တိုက်တိုက်ဆိုင်ဆိုင် ချင်းမိုင် နားက ဆင်တဲရွာကိုဝင်ခဲ့သည်။ အဲဒီမှာဆင်တွေတော်တော်များပါတယ်၊ ဆင်တွေကို ပြစားသောနေရာဆိုလည်းမမှားဘူးပေါ့။ အဲဒီမှာ ပိုင်၇ှင်တွေကတော့ထိုင်းတွေပါ။ တော်တော်လေးစီးပွားဖြစ်နေသောနေရာပါဘဲ။

ဆင်ထိန်းတွေကတော့ ရွှေတွေပေါ့နော်။ ဒီဆင်တွေကို ထိန်းကျောင်း ပညာတွေသင်ပေးနေသည်မှာ ရွှေတွေ ဆိုတော့ အံ့သြရသည်။ ဘယ်လောက်တော်သလည်းနော်။

အဲဒါနဲ့ စပ်စုတဲ့ ကျမ …နောက်ပြီး ….အရင်ကတည်းက သိချင်စိတ်ကများနေသူဆိုတော့ အနှစ်နှစ် အလလ က တွေ့ချင်နေသူကိုတွေ့လိုက်၇သလို ပါဘဲ ဗျူးတော့တာပေါ့။
စကားအလွန်နည်းသူ အမြဲတမ်း ဖာသိဖာသာနေတတ်သူ ကျမ စကားတွေဖောင်ဖွဲ့နေတာကို အဖော်တွေက အံ့သြနေကြတယ်။

အဲဒီဆင်ထိန်း ဟာဆင်တွေကိုထိန်းပြီး ပညာသင်ပေးနေတာ ၇ှစ်နှစ်၇ှိပြီဆိုဘဲ။ လုပ်သက်ကတော့ မနည်းဘူးနော်။

ဆင်တစ်ကောင် ကိုပန်းချီတစ်ခုသင်ရန် သုံး လေး လ ကြာသည် တစ်နေကုန် သင်ရသည်တဲ့ သူတို့တစ်တွေကို အမြဲလေ့ကျင့်ပေးနေရသည်တဲ့လေ။ မဟုတ်ရင်မေ့သွားကြတတ်သေးတယ်တဲ့လေ။ သူတို့တစ်တွေစိတ်ဝင်စားလာအောင် အ စာလေးပြပြပြီးသင်၇သည်။ဆင်အကြီးကိုသင်ရတာထက် ဆင်ပေါက်စတွေကိုသင်၇တာပိုခက်ဆိုဘဲ။

် တစ်ခါတစ်လေလည်း သူတို့က စိတ်ကောက်တတ်သည်တဲ့.. တစ်ခါတစ်လေ သင်ပေးတဲ့သူ က စိတ်ကောက်သည် အဲဒီအချိန်မှာ သူတို့ကလည်းသိတယ် ပြန်လိုက် ကပ်သည်တဲ့လေ။ နောက် တစ်ခါတစ်လေလည်း သူတို့တစ်တွေကလည်း စိတ်မပါတစ်ပါနှင့်လုပ်တတ်သေးတဲ့လေ…. အဲဒီလိုဆိုရင်သူတို့တစ်တွေကို ပြစ်ဒဏ်ပေးရသေးဆိုဘဲ။

အဲဒီအကသင်ပေးတဲ့ဆင်ထိန်း ကတော့ သူကိုယ်တိုင်ကတော့ မကတတ်ဘူး ဆင်တွေကို အကသင်ပေးနေတယ်။ သူကိုယ်တိုင် ပန်းချီကောင်းကောင်းတတ်လို့တော့မဟုတ် ဆင်တွေကို ပန်ချီသင်ပေးနေသူပါ။ အံ့သြစရာပင်။

အဲဒီဆင်ထိန်းကို မေးခွန်းတွေမေးရတာ လွယ်တယ်တော့မထင်နှင့် သူ့စကားကိုနားလည်ဖို့ တော်တော်လေးနားစိုက်ထောင်ခဲ့ရပါတယ်။ ရွှေစကားပေမဲ့ ရွှေမင်းသမီး လေးကျမလည်း ခေါင်းတော်တော်လေးပူအောင် နားထောင်ခဲ့၇တာပါ။ တစ်ခါတစ်လေ ကိုယ်ကဘဲ အဲဒါအဲလိုဆိုလိုတာလားပေါ့။ ပျော်စရာတော့ကောင်းပါတယ်။
ဂုဏ်လည်းယူပါတယ် ရွှေဘော်ဘော်တွေ တော်တာကိုပါ။
p1090478

နာကျင်အလွန်

လေပြေတွေဆော့လို့သစ်ရွက်တွေသာမကြွေခဲ့ရင်
သစ်ရွက်ခြောက်တွေရှိခဲ့မှာမဟုတ်။

ပန်းလေးတွေကိုခူးခြွေမဲ့ သဘာဝတရားသာမရှိခဲ့ရင်
သူတို့တတွေလည်း မြေခရှာမှာမဟုတ်။

ချစ်တယ်ဆိုတဲ့စကားနောက်က အမုန်းဆိုတာမရှိခဲ့ရင်
ငါနဲ့မင်း ဝေးခဲ့၇မှာမဟုတ်။

အတ္တဆိုတဲ့မင်းမာန၊ တစ်ယူသန်စွဲတွေမရှိခဲ့ရင်
လွမ်းခြင်းတွေနဲ့ခံစားခဲ့ရမှာမဟုတ်။

လင်နှင့်မယား…

ကျမ ငယ်စဉ်ကတွေ့ဆုံခွင့်ရခဲ့တဲ့ မိသားစုလေးအကြောင်းပါ။ ဒီအန်တီနဲ့ အန်ကယ်တို့ ကလည်း အမေ့ရဲ့မိတ်ဆွေတွေပါဘဲ သူတို့မှာသားသမီးနှစ်ယောက်ထွန်းကားတယ်။ မြေမြို့မှာ ကျမတာဝန်ကျတော့ ဒီမိသားစုနဲ့ ခင်မင်ခွင့်ရခဲ့တယ်။ ကျမလည်း ဒီအိမ်ကို အမြဲဝင်ထွက်မိပါတယ်။ တော်တော်တန်တန် အိမ်တွေ ဆိုရင် အလည်သွားလေ့မရှိပေမဲ့ ဒီအိမ်ကို သွားလည်ရတာ တော်တော်လေးနှစ်သက်မိတယ်။ ဘာဖြစ်လို့လည်း ဆိုရင် ထူးဆန်းတာလေးတစ်ခုကိုတော့သိသိသာသာသတိထားမိလို့ပါ…

အဲဒါကတော့ တစ်ခြားမဟုတ်ပါဘူး

ဒီမိသားစုမှာ ခိုက်ရန်ဒေါသဖြစ်တာတွေ လင်မယားချင်း ရန်ဖြစ်တာတွေ တစ်ခါမှကို မတွေ့ဘူးပါဘူး။
သူတို့အိမ်ထဲဝင်သွားရင် အေးချမ်းမူတစ်ခုကို ခံစားရတယ်။
အဲဒါနဲ့ သိချင်လိုစိတ် နဲ့မေးကြည့်မိတယ် ….

အန်တီတို့ လင်မယားကြည့်ရတာ တစ်ခါမှ ရန်မဖြစ်ဘူးဘူးထင်တယ် တစ်ခါမှ မကြားဘူးဘူး
စကားမာမာတောင် တစ်ခါမှ မကြားဘူးဘူး လို့ဆိုတော့ ….

အန်တီက ရီပြီးတော့

ဟုတ်တယ် အန်တီတို့ လင်မယား စရကတည်း က အခုဆိုရင် အိမ်ထောင်သက် နှစ် ၃၀ ရှိပြီ တစ်ခါမှ ရန်လည်း မဖြစ်ဘူးဘူး။တစ်ခါမှ စိတ်ကောက်တာ ချော့ရတာ အစဉ်မပြေတာ တစ်ခါမှ မရှိဘူး။ အခုသားနဲသမီးလည်း တစ်ခါမှ ရန်ဖြစ်တာမရှိဘူးဘူးတဲ့လေ….

ဘာဖြစ်လို့ဒီလင်မယား နဲ့ ဒီမိသားစု မှာ ငြိမ်းချမ်းမူတွေရှိနေတာလည်း သိသလောက် ထင်သလောက်လေးဖြေပေးခဲ့ပါလားဟင်။

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!